လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် ဒုတိယဝန်ကြီး၊ အမြဲတန်းအတွင်းဝန်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဝန်ကြီးဌာနကိုယ်စားပြုအားကစားအသင်းများ၏ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးရုံအတွင်းလေ့ကျင့်နေမှုကိုသွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည်ဝန်ကြီးဌာနကိုယ်စားပြုပိုက်ကျော်ခြင်းအသင်း၊ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) အသင်း၊ ဖူဆယ်အသင်းနှင့် ဘောလုံးအသင်းတို့၏ လေ့ကျင့်နေမှုကိုကြည့်ရှုအားပေးရာအသင်းအုပ်ချုပ်သူနှင့်နည်းပြများကပြိုင်ပွဲဝင်အားကစားသမားများစုဖွဲ့လေ့ကျင့်နေမှုအခြေအနေ၊ အုပ်ချုပ်ထောက်ပံ့ဆောင်ရွက်ပေးနေမှုအခြေအနေနှင့် ပြိုင်ပွဲယှဉ်ပြိုင်မည့်အခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကအားပေးစကားပြောကြားရာတွင် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်၌ဝန်ကြီးဌာနကိုယ်စားပြုယှဉ်ပြိုင်ကြမည့်အားကစားသမားများအနေဖြင့်ရိုးရိုးသားသားကြိုးကြိုးစားစားအားကစားစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြရန်၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်းလိုက်နာဆောင်ရွက်ကြရန်၊ ကျန်းမာရေးကောင်းမွန်မှုရှိစေရေးစနစ်တကျနေထိုင်စားသောက်ရန်၊ယခင်နှစ်ကရရှိထားပြီးသည့်အောင်မြင်မှုအားဆက်လက်ထိန်းထားနိုင်ရေးကြိုးစားဆောင်ရွက်ကြရန်၊ဝန်ကြီးဌာနဂုဏ်၊ နိုင်ငံ့ဂုဏ်မြှင့်တင်နိုင်ရေးအကောင်းဆုံးကြိုးစားဆောင်ရွက်သွားကြရန်မှာကြားပြီးအားကစားသမားများအတွက်အင်အားဖြည့် အစားအစာဖိုးချီးမြှင့်ငွေပေးအပ်ခဲ့ပါသည်။

ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဘောလုံး (အမျိုးသား)၊ ဖူဆယ် (အမျိုးသား)၊ ဘော်လီဘော (အမျိုးသား/အမျိုးသမီး)၊ ပိုက်ကျော်ခြင်း (အမျိုးသား)၊ပြေးခုန်ပစ်အားကစားနည်း(၅)မျိုးကိုအုပ်ချုပ်သူ၊နည်းပြ၊အားကစားသမားစုစုပေါင်း(၉၉)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR