လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၄)ရက်နေ့မှ
(၂၁-၈-၂၀၂၄)ရက်နေ့အထိ ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာ၌ မိုး သည်းထန်စွာရွာသွန်းပြီး
ကမ်းပြိုကျမှုကြောင့် လုံးဝပျက်စီးခဲ့သည့် လူနေအိမ် (၁၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ
(၂,၃၀၀,၀၀၀)နှင့် လူဦးရေ (၇၅)ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၁၅၇,၅၀၀/-)၊
စုစုပေါင်း(၂,၄၅၇,၅၀၀/-)အားလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စု(၁၄)စုစာ၊
တန်ဖိုးငွေ (၁,၅၀၇,၄၉၂/-)အားလည်းကောင်း (၂၂-၈-၂၀၂၄) ရက်နေ့၊ (၁၅း၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM