လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၈-၁-၂၀၂၅)ရက်နေ့ (၂၀:၄၅)နာရီအချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်အမှတ်(၃)ရပ်ကွက်၊ မင်းစမ္မလမ်း၊ ရွှေကမ္ဘာအိမ်ယာ (၇)လမ်းတွင် မီးလောင်မှု‌ကြောင့် နေအိမ် (၁)လုံး (တစ်စိတ်တစ်ပိုင်းပျက်စီး)၊အိမ်ထောင်စု(၁)စု၊ လူဦးရေ (၆) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၁၂၆၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၅၀၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့‌ငွေကျပ် (၆၂၆၀ဝိ/-) အားလည်းကောင်း၊ (၂၁-၁-၂၀၂၅)ရက်နေ့၊ (၀၂:၃၂) နာရီအချိန်၌ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ဇာတိမာန်လမ်းတွင် မီးလောင် မှုကြောင့် နေအိမ် (၁)လုံး (တစ်စိတ်တစ်ပိုင်းပျက်စီး)၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ (၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုး‌ထောက်ပံ့ ငွေကျပ် (၈၄၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၅၀၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၅၈၄၀ဝိ/-)တို့အား (၃-၂-၂၀၂၅)ရက်နေ့ (၁၅:၄၂)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source:  DDM

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”

MOS

DSW

DDM

DOR