လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည်  ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာအုပ်စု၊ ကော့လှိုက်ကျေးရွာ၌ (၁၆--၂၀၂၄)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်(၁၁)လုံးပြိုကျပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁၁)စုမှ လူဦးရေ(၄၁)ဦးဘေးသင့်ခဲ့ပါသဖြင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၁၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(,၈၀၀,၀၀ဝ/-) လူဦးရေ(၄၁)ဦးအတွက် ()ရက်စာဆန်ရိက္ခာဖိုးငွေ(၈၆,၁၀ဝ/-) စုစုပေါင်း(၁၈,၈၆,၁၀ဝ/-) ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စု(၁၁)စုစာအား (၁၈--၂၀၂၄)ရက်နေ့တွင် ထောက်ပံ့ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
မဲခေါင်-ဂင်္ဂါ စီမံချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ မန္တလေးတွင် သင်တန်းသူအိပ်ဆောင် ၁ ထပ်ဆောင် ဆောက်လုပ်ခြင်းစီမံကိန်းပြီးမြောက်ခြင်းနှင့် လွှဲပြောင်းခြင်းအခမ်းအနားကျင်းပခြင်း

MOS

DSW

DDM

DOR