အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ်အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲအား ယခုနှစ်အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ဆောင်ပုဒ်ဖြစ်သည့် “အနာဂတ်မှာအားလုံးရေရှည်တည်တံ့ရေး မသန်စွမ်းသူများ ခေါင်းဆောင်နိုင်မှုမြှင့်တင်ပေး”ခေါင်းစဉ်ဖြင့် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း၊နေပြည်တော်တွင် (၁၉.၁၁.၂၀၂၄) ရက်နေ့၊ အင်္ဂါနေ့၊ နံနက် (၁၀:၀၀)နာရီမှ(၁၁:၀၀)နာရီအထိကျင်းပရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသွားရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။
စာစီစာကုံးပြိုင်ပွဲသို့ ပြည်ထောင်စုနယ်မြေ၊နေပြည်တော်အတွင်းရှိ မြို့နယ် (၈) မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား(၁၅)ဦး၊ ကျောင်းသူ(၆၉)ဦး၊ စုစုပေါင်း(၈၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ဆုရရှိသူများအား ပြည်ထောင်စုနယ်မြေ၊နေပြည်တော်တွင် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၃) ရက်နေ့တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် နိုင်ငံတော်အဆင့်အခမ်းအနားတွင် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။