(၂၀-၁-၂၀၂၁) ရက်နေ့တွင် ထားဝယ်မြို့နယ်၊ ဇလွန်းကျေးရွာနှင့် တလိုင်းတောင်ကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း၊ Mask များ ဝေငှပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းများကိုလည်းကောင်း၊

 

(၂၀-၁- ၂၀၂၁) ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်မှ (၁၆:၀၀) အချိန်အထိ ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံးရွာ၊ ပုရွက်ဆိတ်ကုန်းရွာ၊ လဲလုအိုင်ရွာ၊ နတ်သရဲကျေးရွာနှင့် ငကောင်းကံအုပ်စု၊ ငကောင်းကံရွာ၊ ဇောင်ချမ်း ကုန်းရွာ၊ ဝက်စုကျေးရွာနှင့် ဇီးကုန်းကျေးရွာများအတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များအား ပြည်သူများအား အသိပညာပေးခြင်း၊ ရေသန့်ဆေးထုပ်များနှင့် လက်သန့်ဆေးရည်များ၊ သဘာဝဘေးအသိပညာပေးဗွီးနိုင်းပိုစတာများအား ဖြန့်ဝေခြင်းများကို လည်းကောင်း၊

(၂၀-၁-၂၀၂၁) ရက်နေ့တွင် ပျဉ်းမနားမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ စက်ရုံလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာနှင့် သစ်လေးလုံးကျေးရွာ၊ မြတ်စုမွန်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာများအတွက် Hygiene kit (၂၇)ဖာ ၊ Hand gel 500mlဘူး (၇၅)ဘူး၊ ရေသန့်ဆေး(၅)ဖာနှင့် သဘာဝဘေးများအတွက် အသိပညာပေးဗွီနိုင်းပိုစတာများအား ဖြန့်ဝေပေးခြင်းများကို လည်းကောင်း၊

(၂၀-၁-၂၀၂၁) ရက်နေ့တွင် ဖလမ်းမြို့နယ်၊ တလန်ဇာရ်ကျေးရွာ၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်နိုင်ရေးအသိပညာပေးဆော်သြခြင်း၊ (မြေပြိုဘေး၊ ငလျင်ဘေး၊ မီးဘေး၊ ဘေးကင်းလုံခြုံ) အသိပညာပေးပိုစတာများ ကပ်ခြင်းနှင့် လက်ကမ်းစာစောင်ဝေငှခြင်း၊ Mask များ ဝေငှခြင်းများကိုလည်းကောင်း၊

(၂၀-၁-၂၀၂၁) ရက်နေ့တွင် မြောက်ဦးမြို့၊ ရန်ကုန်-စစ်တွေလမ်းမကြီး၊ ဦးဥတ္တမပန်းခြံဘေးဘက်၊ လမ်းဆုံထောင့်၌ မီးဘေး အသိပညာပေး ဗီနိုင်းပိုစတာအား စိုက်ထူခဲ့ခြင်းကိုလည်းကောင်း၊

(၂၁-၁-၂၀၂၁) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်ထိ ဖာပွန်ခရိုင်၊ ဖာပွန်မြို့အတွင်းရှိ ဆင်စွယ်ကျေးရွာ၊ ဘလဲ့ပုံကျေးရွာ၊ ပိုမာတဲကျေးရွာနှင့် သိန်းချောင်းကျေးရွာများ၌ COVID-19 ကူးစက်မြန်ရောဂါပြန့်ပွားမှုများ မဖြစ်ပွားစေရန် သိရှိလိုက်နာရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆောင်ရွက်ခဲ့ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကိုလည်းကောင်း၊

 

(၂၁-၁-၂၀၂၁) ရက်နေ့တွင် ချောက်မြို့၊ အမှတ် (၆/၇/၈/၉/၁၀ )ရပ်ကွက်များအတွင်း COVID -19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ Mask Campaign ပြုလုပ်ခြင်းတို့ကို လည်းကောင်း၊

 

(၂၁ - ၁ -၂၀၂၁) ရက်နေ့၊ နံနက်(၀၈:၀၀) နာရီအချိန်မှ (၁၈:၀၀) နာရီအချိန်ထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ​​ တောင်ကြီး - လွိုင်လင်(အထွက်) ဂိတ်၌ ယာဉ်လိုင်းများတွင် စီးနှင်းလိုက်ပါသော ခရီးသည်များအား COVID-19 ရောဂါပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ ခရီးသွားမှတ်တမ်းကောက်ယူခြင်း၊ Hand-Gel များဖြင့် လက်သန့်စင်စေခြင်းများကိုလည်းကောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR