လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် (၁၁.၉.၂၀၂၄) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် သေဆုံးခဲ့သည့် လူ(၅)ဦးအတွက် နိုင်ငံတော်မှတစ်ဦးလျှင် (၅)သိန်းနှုန်းဖြင့် (၂၅)သိန်းကျပ်၊ နေပြည်တော်ကောင်စီမှ တစ်ဦးလျှင် (၂)သိန်းနှုန်းဖြင့် (၅)သိန်းကျပ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှတစ်ဦးလျှင် (၃)သိန်းနှုန်းဖြင့် (၁၅)သိန်း၊ စုစုပေါင်း(၅၀)သိန်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ မျောပါနေအိမ် (၉၉) အိမ်အတွက်  ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၉၉)ပုံးတို့ အား နေပြည်တော်ကောင်စီဝင် ဦးဟန်သူ၊ မြို့နယ်အုပ်ချုပ်ရေးနှင့်တာဝန်ရှိသူများနှင့်အတူ (၂၉.၉.၂၀၂၄) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။


Source:  DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
မဲခေါင်-ဂင်္ဂါ စီမံချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ မန္တလေးတွင် သင်တန်းသူအိပ်ဆောင် ၁ ထပ်ဆောင် ဆောက်လုပ်ခြင်းစီမံကိန်းပြီးမြောက်ခြင်းနှင့် လွှဲပြောင်းခြင်းအခမ်းအနားကျင်းပခြင်း

MOS

DSW

DDM

DOR