လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် (၁၁--၂၀၂၄) ရက်နေ့တွင် ဖြစ်ပွားခဲ့သောရေဘေးကြောင့် သေဆုံးလူဦးရေ (၃၃) ဦးအတွက် ထောက်ပံ့ငွေ(၉,၉၀၀,၀၀၀/-)၊ လုံးဝပျက်စီးနေအိမ် (၅၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅,၉၀၀,၀၀၀/-)၊ ဘေးသင့်လူဦးရေ (၆,၉၇၃) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၄,၆၄၃,၃၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၀,၄၄၃,၃၀၀/-) နှင့်ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၅၉) အိမ်ထောင်စုစာ (၆,၃၅၃,၀၀၂/-)၊ တို့အား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း နှင့်အတူ (၁၇--၂၀၂၄) ရက်နေ့၊ (၁၁း၃၀) အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက် ထောက်ပံ့‌ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ကျင်းပ
ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာကောင်စီအစည်းအဝေးနှင့် ဝန်ကြီးများအဆင့်ညီလာခံ ၂၀၂၅ သို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်လက်တက်ရောက်ဆွေးနွေးလျက်ရှိ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Noriko Takagiအားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR