လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၂၄) ရက်နေ့တွင်
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျဥ်းမနားမြို့နယ်အတွင်းရှိ ဘေးသင့်လူဦးရေ (၂,၀၆၆) ဦးအတွကိ ဆန်ရိက္ခာဖိုး ထောက်ပံ့
ငွေ (၄,၃၃၈,၆၀၀/-)၊ မျောပါနေအိမ် (၃၀)
လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၀၀၀,၀၀၀/-)၊ စုစုပေါင်း ထောက်ပံ့ငွေ
(၇,၃၃၈,၆၀၀/-)တို့အား (၂၀-၉-၂၀၂၄) ရက်နေ့တွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ
ရေဘေးသင့်ပြည်သူများ လက်ဝယ်သို့သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM