မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၅) နှစ် စီမံကိန်း (၂၀၂၁ - ၂၀၂၅) ကို အောင်မြင်စွာရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး ဖွဲ့စည်းထားရှိသည့် ဆပ်ကော်မတီ (၉)ခု၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၀၁ ခုနှစ်၊ မေလ (၆) ရက်နေ့ (၁၀:၀၀) နာရီတွင် ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ 

ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း ဦးဆောင်၍ ဆပ်ကော်မတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ တွဲဖက်အတွင်းရေးမှူးများ နှင့် တာဝန်ရှိသူများ တက်ရောက်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

               အစည်းအဝေးတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၅) နှစ် စီမံကိန်း (မူကြမ်း) အပေါ် ညှိနှိုင်းဆွေးနွေးမှု နောက်ဆုံးရလဒ် အခြေအနေများကို သုံးသပ်ဆွေးနွေးခဲ့ကြပြီး အတည်ပြုပြဋ္ဌာန်းနိုင်သည်အထိ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အခန်းကဏ္ဍအလိုက် ဦးစားပေးလုပ်ငန်းများကို ထည့်သွင်း ရေးဆွဲကြရာတွင် မသန်စွမ်းသူများ၏ အကျိုးစီးပွားနှင့် အခွင့်အရေးများကို ဦးတည်စဉ်းစား ထည့်သွင်းရေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

               ဆပ်ကော်မတီ (၉)ခုဖြစ်သည့် ပညာရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ အလုပ်အကိုင်ရေးရာဆပ်ကော်မတီ၊ သဘာဝဘေးနှင့်အခြားအရေးပေါ်ဆိုင်ရာဆပ်ကော်မတီ၊ သုတေသနဆပ်ကော်မတီ၊ သတင်းအချက်အလက်၊နည်းပညာဆိုင်ရာဆပ်ကော်မတီ၊ စောင့်ကြည့် အကဲဖြတ်ဆပ်ကော်မတီ၊ မသန်စွမ်းအမျိုးသမီးနှင့် ကလေးသူငယ်များရေးရာဆပ်ကော်မတီ၊ အလွယ်တကူလက်လမ်းမှီရယူဆောင်ရွက်နိုင်ရေး ဆပ်ကော်မတီတို့ကို မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို အထောက်အကူပြု နိုင်ရန်အတွက် (၅-၂-၂၀၁၉) ရက်နေ့တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

***

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏နှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားနာ ရွတ်ဖတ်ပူဇော်ခြင်းနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပခြင်း
နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း က ငလျင်ဘေးသင့်ဝန်ထမ်းများသို့ အလှူငွေ၊ ဆန်၊ ဆီ၊ မုန့်မျိုးစုံ၊ အသုံးအဆောင် ပစ္စည်းများထောက်ပံ့ခြင်းနှင့် အားပေးစကားပြောကြားခြင်း
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ထမ်းများသို့ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက လှူဒါန်းငွေနှင့် ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်း

MOS

DSW

DDM

DOR