လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံ မြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ဒုံဝန်းကျေးရွာနှင့် ကမာစိုင်ကျေးရွာတို့၌ (၆-၅-၂၀၂၁) ရက်နေ့ (၂၀:၀၀) နာရီ အချိန်ခန့်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ် (၆)လုံး၊ တစိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် လူနေအိမ် (၈၁) လုံးနှင့် ဘုန်းကြီးကျောင်း (၂) ကျောင်းတို့အတွက် အိမ်ဆောက်/ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၁၀၅,၀၀ဝ/-)ကျပ် နှင့် လူဦးရေ စုစုပေါင်း (၃၉၉) ဦးတို့အတွက်  (၇) ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၃၇,၉၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၉၄၂,၉၀ဝ/-) ကျပ်နှင့်  ပြိုကျပျက်စီး လူနေအိမ် (၆) လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုး အိမ်ထောင်စု (၆) စုစာတို့အား (၁၁-၅-၂၀၂၁) ရက်နေ့ (၁၄:၀၀) နာရီအချိန်ခန့်တွင် ဒုံဝန်းကျေးရွာ၊ စာသင်ကျောင်း၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ကျိုင်းတုံ)တွင် လက်ခံစောင့်ရှောက်ထားသော လူကုန်ကူးခံရသူများအား အားပေးစကားပြောကြားခြင်းနှင့် ဝန်ထမ်းများအား တွေ့ဆုံလမ်းညွှန်မှာကြားခြင်း
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက် (၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနား ကျင်းပခြင်း
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တော်ခန်းမ၌ (၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် “ကမ္ဘာ့ကလေးများနေ့” အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR