လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA)မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. IndrikaRatwatte ဦးဆောင်သည့်  ကိုယ်စားလှယ်အဖွဲ့အားယနေ့မွန်းလွဲပိုင်းတွင်အဆိုပါဝန်ကြီးဌာန၊အစည်းအဝေးခန်းမ၌လက်ခံတွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ မန္တလေးငလျင်ဘေးဖြစ်ပွားစဉ်အတွင်း ဝန်ကြီးဌာနနှင့်  ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ လူသားချင်းစာနာမှု အကူအညီများပေးအပ်နိုင်ရေးကိစ္စ၊ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံနိုင်ရေးဆောင်ရွက်ထားရှိမှုများ၊  AHA Centre နှင့် ဝန်ကြီးဌာနအကြား ပူးပေါင်းဆောင်ရွက်နေမှုများ၊ မိုင်းအသိပညာပေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် UNOCHA အဖွဲ့တို့အကြား လက်မှတ်ရေးထိုးထားရှိသည့် သဘောတူညီမှုစာလွှာ (Letter of Agreement - LoA) ပါ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုများ စသည့်ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများနှင့် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း ရေးမှူး(ယာယီ) Ms. Gwyn Lewis နှင့် UNOCHA ရုံးမှကိုယ်စားလှယ်များပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် “အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးတွင် မုံရွာမြို့ပေါ်ရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးပေအပ်ခြင်း အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR