၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ပပျောက်ရေး ဆိုင်ရာလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို မုံရွာမြို့၊ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းခန်းမတွင် ကျင်းပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး အမျိုးသမီးရေးရာ နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသူ၊ သင်တန်းသား များ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

     အခမ်းအနားတွင် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ရာ  နိုင်ငံတော်အနေဖြင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် ကာလတို၊ ကာလရှည် စီမံချက်များရေးဆွဲပြီး အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီအနေဖြင့် ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ အမျိုးသားအဆင့်စီမံချက်ပါ ရည်ရွယ်ချက်များအတိုင်း  အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ ယခု အခြေခံစက်ချုပ်သင်တန်းတွင်လည်း နည်းပြဆရာမများက အခြေခံစက်ချုပ် စက်နင်းမှစ၍ စက်ပစ္စည်းများ ကိုင်တွယ် အသုံးပြုပုံ နည်းပညာ အမျိုးအစား (၁၁)မျိုးကို စာတွေ့၊ လက်တွေ့ လေ့လာသင်ကြးရသည့်အတွက် မိမိဘဝရပ်တည်ရေးအတွက်ဖြစ်စေ၊ လုပ်ငန်းထူထောင် ရာတွင်ဖြစ်စေ များစွာအကျိုးဖြစ်ထွန်းစေမည့် သင်တန်းတစ်ခု ဖြစ်ပါကြောင်း၊ ကာလတို သက်မွေး အတတ်ပညာသင်တန်းတွေကို ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်က မိသားစု ဝင်ငွေရရှိစေဖို့၊ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်ဖို့၊ အဆင့်မြင့်ပညာများ ထပ်မံလေ့လာပြီး အသေးစား၊အငယ်စား တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ကြောင်း၊ သင်တန်းက ပေးလိုက်တဲ့ ပညာကို အခြေခံပြီး မိမိဘဝ တိုးတက်ရာ တိုးတက်ကြောင်းဖြစ်အောင် လေ့လာကြရန် လိုအပ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆင်းရဲမှုလျော့ချရေး၊ ကလေးအလုပ်သမားပပျောက်ရေး ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိရေး၊ မိသားစုဝင်ငွေတိုးပွားစေရေး ရည်ရွယ်ချက်များဖြင့် ယခုလို လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ စက်ချုပ်သင်တန်း၊ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း မုန့်အမျိုးမျိုးပြုလုပ်သည့်သင်တန်းများကို နှစ်စဉ် တိုင်းဒေသကြီးဘဏ္ဍာငွေဖြင့် သင်ကြးပေးလျက် ရှိကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ သင်တန်းသူတစ်ဦးမှ သင်တန်းသူ၊ သင်တန်းသားများ အားလုံးကိုယ်စား ကျေးဇူး တင်စကား ပြောကြား၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားအား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။



နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းငဝန်တာကျိုးပေါက်မှုကြောင့်ရေဝင်ရောက်ခဲ့သည့်ဧရာဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့နယ်သို့လှည့်လည်ကြည့်ရှု၍ရေဘေးရှောင်ပြည်သူများအားသွားရောက်ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆) တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR