လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်ချက်လုပ်ငန်းတစ်ခုဖြစ်သောသက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ (နေပြည်တော်)ဖွင့်ပွဲအခမ်းအနားကို ၂၃-၇-၂၀၂၆ရက်တွင် ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်၊ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိနေပြည်တော် ကလေးပြုစုစောင့်ရှောက်ရေးဌာနအဆောက်အအုံတွင်ကျင်းပပြုလုပ်ခဲ့ရာအဆိုပါ ဖွင့်ပွဲအခမ်းအနားဖွင့်ပွဲသို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်းတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။

          ပထမဦးစွာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ကသက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ(နေပြည်တော်)အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင်  ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာနိုင်ငံများတွင် သက်ကြီးဦးရေတိုးပွားလာခြင်းနှင့်အတူအသက်အရွယ်ကြီးရင့်ချိန်တွင် လုံလောက်သောလူမှုကာကွယ်စောင်ရှာက်ရေးဝန်ဆောင်မှုများပေးရန်နှင့် ကျန်းမာသန်စွမ်းပြီး တက်ကြွလှုပ်ရှားမှုရှိသော သက်ကြီးပုဂ္ဂိုလ်ဘဝကို ရရှိနိုင်ရန်ရည်ရွယ်၍ သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာကို ၂၀၁၃ခုနှစ်တွင်ရန်ကုန်မြို့၌ စံနမူနာပြအဖြစ် ပထမဆုံးဖွင့်လှစ်ခဲ့ပါကြောင်း၊ ယခုပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ဖွင့်လှစ်သည့် ဂေဟာသည် ဒုတိယမြောက်ဂေဟာဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ(နေပြည်တော်)တွင်သက်ကြီးပုဂ္ဂိုလ်များအား နေ့ပိုင်းလက်ခံစောင့်ရှောက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာတွင် လာရောက်ပြီးဝန်ဆောင်မှုရယူမည့် သက်ကြီးပုဂ္ဂိုလ်များအနေဖြင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးဝန်ဆောင်မှု၊အပန်းဖြေမှုအနားယူမှုနှင့် မိမိ၏ အသိပညာများ ပြန်လည်ဝေမျှပေးနိုင်မှု၊ ဝါသနာပါရာလုပ်ငန်းများ ဆောင်ရွက်နိုင်မှုစသည့်ဝန်ဆောင်မှုများကိုဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဝန်ဆောင်မှုပေးမည့် ဝန်ထမ်းများအနေဖြင့် စေတနာ၊ အကြင်နာ၊ ဝါသနာနှင့် ကရုဏာတို့ဖြင့် သက်ကြီးပုဂ္ဂိုလ်များကိုမိမိတို့၏ မိဘဘိုးဘွားများကဲ့သို့ နွေးထွေးစွာပြုစုစောင့်ရှောက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်ဝန်ကြီးနှင့်အဖွဲ့သည် သက်ကြီးပုဂ္ဂိုလ်များ၏ လှုပ်ရှားဆောင်ရွက်မှုများကိုလှည့်လည်ကြည့်ရှုခဲ့ပါသည်။

          ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ကြီးပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR