လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၄) ရက်နေ့ ပြည်မြို့နယ်၊ နဝဒေးရပ်ကွက်၊ ကန်သုံးဆင့်ကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ရေစီးနှင့်အတူမျောပါ သေဆုံးခဲ့သူ (၂) ဦးအတွက် ထောက်ပံ့ငွေ (၆၀၀,၀၀၀/-) အား (၂၇-၈-၂၀၂၄) ရက်နေ့၊ မွန်းလွဲ (၂:၃၀) အချိန်တွင် ကျန်ရစ်သူမိသားစုထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။
Source: DDM