အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် (၈.၃.၂၀၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးက ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့်သဝဏ်လွှာကို ဖတ်ကြားတင်ပြပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးကော်မတီ၏ ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းဆောင်ရွက်ချက်များနှင့် အမျိုးသမီးငယ်များနှင့်ပတ်သက်သော Video Clip ကိုလည်းပြသခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

Naypyitaw State Academy (NSA) ၊ အင်္ဂလိပ်စာဌာနမှ အင်္ဂလိပ်စာအထူးပြု တတိယနှစ် ကျောင်းသား/သူ (၃)ဦးတို့သည် လူမှုဝန်ထမ်းဦးစီးဌာနတွင် လုပ်ငန်းခွင်လက်တွေ့လေ့လာရေး (Internship Program) ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်း
လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်သည် ပြည်ထောင်စုအဆင့်မှတ်ပုံတင်နိုင်ရေးအတွက် ထောက်ခံမှုပေးထားသည့် ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

MOS

DSW

DDM

DOR