၁-၁၀-၂၀၂၆ရက်၊ နံနက် ၈:၃၀ နာရီအချိန်တွင် မန္တလေးမြို့စည်ပင်မြို့တော်ခန်းမ၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ်အခမ်အနား ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ဝန်ကြီးချုပ်ဦးမျိုးအောင်မှ ဂုဏ်ပြုအဖွင့် အမှာစကားပြောကြားခြင်း၊ အသက်(၁၀၀)နှစ်နှင့်အထက် အဘိုးအဘွားများအတွက် အလှူငွေ များကို အောင်မြေသာစံခရိုင် ၊ မဟာအောင်မြေခရိုင် ၊ အမရပူရခရိုင် အထွေထွေအုပ်ချုပ်ရေး မှူးများထံ သို့လွှဲပြောင်းပေးအပ်ခြင်း၊ တိုင်းဒေသကြီး အမျိူးသမီးရေးရာအဖွဲ့၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ၊ တိုင်းဒေသကြီး အမျိုးသမီးလုပ်ငန်းရှင်များ အသင်း၊ တိုင်းဒေသကြီးအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ တိုင်းဒေသကြီး အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းတို့မှ အခမ်းအနားသို့ တက်ရောက် လာသည့် မန်းတောင်ခြေ ဘိုးဘွားရိပ်သာမှ ဂုဏ်ပြုခံသက်ကြီးဘိုးဘွား (၃၅)ဦးအား အလှူငွေ နှင့် လှူဒါန်းပစ္စည်းများကို လှူဒါန်းခြင်း၊ ဂုဏ်ပြုခံသက်ကြီးဘိုးဘွားများ ကိုယ်စား အဘိုးတစ်ဦးမှ ဆုတောင်းမေတ္တာပို့သခြင်း၊ မှတ်တမ်းဗွီဒီယိုပြသခြင်းတို့ ဆောင်ရွက်ခဲ့ပြီး အခမ်းအနား ပြီးမြောက်ခဲ့ပါသည်။






 

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR