ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ သာသနာ့ဗိမာန်ခန်းမတွင် အပြည်ပြည်ဆိုင်ရာသက်ကြီး ပုဂ္ဂိုလ် များနေ့ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ပဲခူးမြို့ပေါ် ရပ်ကွက်များရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုး/ အဘွားများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များ လူမှုရေးအသင်းများမှ အဖွဲ့ဝင်များ၊ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပထမဦးစွာ “သာဓု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ်မှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အဘိုး/ အဘွား များအား ကန်တော့ငွေနှင့် လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြရာ အဘိုး/အဘွားများ ကိုယ်စား အဘွား (၁) ဦးမှ ဆုတောင်းစကားပြောကြားခဲ့ပြီး အခမ်းအနားအပြီးတွင် အဘိုး/ အဘွားများအား ကုသိုလ်ဖြစ်ဆေးခန်းတွင် အခမဲ့ဆေးစစ်ခြင်း၊ ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း အသက်အကြီးဆုံး အဘိုး (၁)ဦးနှင့် အဘွား (၁) ဦးတို့အား တစ်ဦးလျှင် အလှူငွေကျပ်(၃၀၀,၀၀၀)နှုန်းဖြင့် (၆၀၀,၀၀၀)ကျပ်နှင့် အသက်(၈၅)နှစ်အထက် အဘိုး/အဘွား (၁)ဦး အတွက် တစ်ဦးလျှင် အလှူငွေကျပ် (၅၀,၀၀၀)နှုန်းနှင့် လှူဖွယ်ပစ္စည်းတန်ဘိုး ကျပ်(၅၀,၀၀၀) နှုန်း၊ စုစုပေါင်းကျပ်(၁၀၀,၀၀၀)နှုန်းဖြင့် အဘိုး/အဘွား (၆၀)ဦးအား ကျပ် (၆,၀၀၀,၀၀၀)ဖြင့် လှူဒါန်း မှု စုစုပေါင်းကျပ် (၆,၆၀၀,၀၀၀) အားလှူဒါန်းခဲ့ပါသည်။















