ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များ နေ့အထိမ်းအမှတ် အခမ်းအနားကို ၁-၁၀-၂၀၂၆ ရက် ၊ နံနက် ၈:၀၀ နာရီအချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ၊ အ.ထ.က(၅) ကျောင်းရှိ စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ပေးပို့သော Video Clipအား ပြသခဲ့ပြီး တက်ရောက်လာသော သက်ကြီးပုဂ္ဂိုလ်များအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ၊ ရှမ်းပြည်နယ်လွှတ်တော် လွှတ်တော်ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့မှ တောင်ကြီးမြို့ပေါ်ရပ်ကွက် (၂၂)ရပ်ကွက် အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်စုစုပေါင်း(၆၄)ဦးတို့အား တစ်ဦး လျှင် ကျပ် ၅၀,၀၀၀/-နှုန်းဖြင့် စုစုပေါင်းဂုဏ်ပြုပူဇော်ကန်တော့ငွေကျပ်(၃၂)သိန်းနှင့် အားဆေး၊ တိုင်းရင်းဆေး (၄)မျိုး၊ ကိုရီးယားခြုံစောင်၊ ဆပ်ပြာခဲတို့ ပါဝင်သော လှူဖွယ်ပစ္စည်းများကို လှူဒါန်း ကြပြီး အခမ်းအနားကို နံနက် ၉း၀၀ နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော် လွှတ်တော်ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကန်တော့ခံအဘိုးအဘွားများ၊ ဖိတ်ကြားထားသောဧည့်တော်များ စုစုပေါင်း အင်အား (၂၈၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

















