၂၀၂၆-၂၀၂၇ ပညာသင်နှစ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှု အောက်ရှိ အမှတ် (၂) မူလတန်းကြိုကျောင်းအား ၂၈-၃-၂၀၂၅ ရက်တွင် လှုပ်ခပ်ခဲ့သော မန္တလေး မြေငလျင်ကြောင့် အဆောက်အဦ ပြိုကျပျက်စီးမှုအားဖြိုဖျက်၍ World Vision Myanmar (INGOs)မှ (၇၀’x၃၅’x၁၁’) ယာယီစာသင်ဆောင်သစ် ဆောက်လုပ်လှူဒါန်းခြင်းအား လွှဲပြောင်းလက်ခံခြင်းနှင့် မူလတန်းကြိုကျောင်း ပြန်လည်ဖွင့်လှစ်ခြင်း အခမ်းအနားအား ၄-၅-၂၀၂၆ ရက်၊ နံနက် (၀၉း၀၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးလှကြွယ် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး၊ လူမှုရေးရာဝန်ကြီးမှ မူကြိုကျောင်းတက်ရောက်နေ သော ကလေးသူငယ်များအား မုန့်နှင့်အချိုရည်များ ပေးအပ်ခဲ့ပြီး၊ မူကြိုကလေးများအတွက် သင်ထောက်ကူပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ပါသည်။










