၂၀၂၄ခုနှစ်၊ မတ်လ(၈)ရက်နေ့တွင်ကျ‌ရောက်သည့် “ပဲခူးတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” အထိမ်းအမှတ်အခမ်းအနားကို ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ပြီး အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ မူလကြိုကျောင်းများမှသားငယ်/သမီးငယ်များ စုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ပါသည်။ ပထမဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သော သဝဏ်လွှာ Video Clip ပြသခဲ့ပါသည်။ ထို့နောက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆိုင်သော သမိုင်းမှတ်တိုင်များ Video Clip တင်ဆက်ပြသပြီး မူကြိုသားငယ်/သမီးငယ်များမှ အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။ ဖျော်ဖြေတင်ဆက်သည့် သားငယ်/သမီးငယ်များအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ်၏ဇနီးမှ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော ဧည့်သည်တော်များက ပြသထားသည့် ဓါတ်ပုံပြခန်းများကို လှည့်လည်ကြည့်ရူပြီး အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။



နောက်ဆုံးရသတင်းများ

မုံရွာမူလတန်းကြိုကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှူနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ဦး ဆောင်မှုဖြင့် Bow ကလစ်နှင့် ပန်းကြယ်သီး ပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှူနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ဦး ဆောင်မှုဖြင့် Bow ကလစ်နှင့် ပန်းကြယ်သီး ပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား

MOS

DSW

DDM

DOR