တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ လူမှုဝန်ထမ်းရုံးမှ (၂၁.၂.၂၀၂၄) ရက်နေ့ နံနက်(၉:၃၀) နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနလက်အောက်ရှိ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် အခြေခံ/အဆင့်မြင့် စက်ချုပ်သင်တန်းသူများအား အမျိုးသမီးများအခွင့်အရေး၊ ကျား/မအခြေပြုအကြမ်းဖက်မှု (GVB) အသိပညာပေးဟောပြောခဲ့ပါသည်။

ထိုနေ့မွန်းလွဲ(၂:၀၀)နာရီတွင် မြိတ်ခရိုင်အမျိုးသမီးကော်မတီဝင်များပူးပေါင်း၍ မြိတ်မြို့၊ ရေပုန်းရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ရွာရှိပြည်သူများအား ကျား/မအခြေပြုအကြမ်းဖက်မှု၊ အမျိုးသမီးများနှင့်ကျန်းမာရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ဖုန်းသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်နိုင်သည့် အားသာချက်၊ အားနည်းချက်များအား ကော်မတီဝင်ဌာနဆိုင်ရာများနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့မှ တာဝန်ရှိသူများက အသိပညာပေးဟောပြောခဲ့ကြပါသည်။


နောက်ဆုံးရသတင်းများ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှူနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ဦး ဆောင်မှုဖြင့် Bow ကလစ်နှင့် ပန်းကြယ်သီး ပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှူနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ဦး ဆောင်မှုဖြင့် Bow ကလစ်နှင့် ပန်းကြယ်သီး ပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား

MOS

DSW

DDM

DOR