လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနသည် ရုံးချုပ်ရှိဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားစေရေးနှင့် ရုံးလုပ်ငန်းများ လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်စေရေး ရည်ရွယ်၍ ဌာနတွင်း Microsoft Excel (Basic) သင်တန်းဖွင့်ပွဲ အခမ်းအနားအား ၂၄.၁၁.၂၀၂၅ ရက်၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

သင်တန်းဖွင့်ပွဲအခမ်းအနား၌ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် တိုးတက်ပြောင်းလဲလာသော နည်းပညာခေတ်၌ IT နည်းပညာသည် မရှိမဖြစ်လိုအပ်ပါကြောင်း၊ ရုံးလုပ်ငန်းများဆောင်ရွက်ရာ၌ စာရင်းဇယားများ ရေးဆွဲခြင်း၊ Formula များအသုံးပြု၍ ကိန်းဂဏန်း အချက်အလက်များ တွက်ချက်ခြင်း၊ ဆန်းစစ်လိုသည့် Data များကိုစိစစ်၍ ဖော်ထုတ်စစ်ဆေးနိုင်ခြင်း၊ Excel Data များအသုံးပြု၍ ရေးဆွဲထားသည့် စာရင်းဇယားများအား မြင်သာမှုရှိစေရန် Chart များ၊ Graphများဖြင့် ဖော်ပြ၍တင်ပြနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေရန်အတွက် ယခုကဲ့သို့ Microsoft Excel (Basic) အသုံးပြုနည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ ရုံးလုပ်ငန်းများ လုပ်ဆောင်ရာ၌ IT Soft Skill များဖြစ်သည့် Microsoft Office ၊ Adobe Photoshop နှင့် Adobe PageMaker အစရှိသည့်ပညာရပ်တွေကို ကျွမ်းကျင်စွာအသုံးပြုနိုင်မှသာ ရုံးလုပ်ငန်းများဆောင်ရွက်သည့်နေရာမှာ အချိန်ကုန်သက်သာစေမှာဖြစ်ကြောင်း၊ သင်တန်းသား/သူ များအနေဖြင့် သင်တန်းမှပို့ချသည့်သင်ခန်းစာများကို စနစ်တကျလေ့လာပြီး ကျွမ်းကျင် တတ်မြောက်သည်အထိ ကြိုးစားသင်ယူကြရန်မှာကြားလိုပါကြောင်း၊ ယခုသင်တန်းမှ သင်ကြား ပေးသည့်သင်ခန်းစာများကို စိတ်ပါဝင်စားစွာသင်ကြားဖို့နှင့် သင်တန်းမှရရှိလာသည့် ပညာရပ် များကို ရုံးလုပ်ငန်းပိုင်းမှာ လက်တွေ့နဲ့ယှဉ်ပြီး အသုံးချသွားဖို့ မှာကြားလိုကြောင်း၊ ယခုဖွင့်လှစ် သည့် Excel သင်တန်းသာမက Adobe Photoshop သင်တန်း၊ Adobe PageMaker သင်တန်းတွေကိုလည်း ဆက်လက်ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်း၊ ညွှန်ကြားရေးမှူးများ အနေနှင့်လည်း သင်တန်းသား/သူများ ရွေးချယ်စေလွှတ်ရာ၌ မိမိတို့ဌာနမှာ လုပ်ဆောင်နေရ သည့် ဘာသာရပ်အလိုက် အမှန်တကယ် ပြန်လည်အသုံးချနိုင်သည့်  ဝန်ထမ်းများကို ရွေးချယ် စေလွှတ်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ လူမှုဝန်ထမ်းဦးစီးဌာန၏ Human Resources တိုးတက်လာစေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ Microsoft Excel (Basic) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ငန်း)၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ နည်းပြများနှင့် သင်တန်းသား/သူ(၂၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၂၄-၁၁-၂၀၂၅ရက်မှ ၂၈-၁၁-၂၀၂၅ ရက်ထိ)၊ (၅) ရက်တာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။



နောက်ဆုံးရသတင်းများ

မွန်ပြည်နယ်အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ဆပ်ကော်မတီကြီးမှူး၍ ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR