လူမှုဝန်ထမ်းဦးစီးဌာနနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် “Gender,CEDAW, NSPAW ဆိုင်ရာ အသိပညာပေးသင်တန်း” ကို (၂၂.၃.၂၀၂၄)ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၌ ဖွင့်လှစ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး၊ ဒုတိယ   ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိ၊ တိုင်းရင်းသားအဖွဲ့အစည်းများမှ သင်တန်းသား/သူများစုစုပေါင်း (၅၀)ဦးတက်ရောက်ခဲ့ကြပါသည်။  

ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး၊ တက်ရောက်လာသော သင်တန်းနည်းပြများ၊ သင်တန်းသား/သူများမှ မိတ်ဆက်ခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနေခြည်သက်နိုင်မှ Gender Concept, CEDAW,NSPAW အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်း၊ ဦးစီးအရာရှိ     ဒေါ်တင်တင်ဝါမှ Gender Base Violence, One Stop Women Support Center (OSWSC) အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၏ ကြီးကြပ်မှုအောက်ရှိ ဌာနငယ်၊သင်တန်းကျောင်းများသို့ တိုင်းဦးစီးမှူးကွင်းဆင်းဆောင်ရွက်
စစ်ကိုင်းတိုင်ဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR