Naypyitaw State Academy (NSA) ၊ အင်္ဂလိပ်စာဌာနမှ အင်္ဂလိပ်စာအထူးပြု တတိယနှစ် ကျောင်းသား/ သူ (၃)ဦးတို့သည် လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ ဌာနခွဲများ၊ မူလတန်းကြိုကျောင်းနှင့် နေပြည်တော်ကလေးပြုစုရေးဌာနသို့ ၁-၁၀-၂၀၂၄ ရက်မှ ၈-၁၀-၂၀၂၄ ရက်အထိ လုပ်ငန်းခွင်လက်တွေ့လေ့လာရေး (Internship Program) လာရောက်ခဲ့ပါသည်။ အဆိုပါလေ့လာခဲ့သည့် ကာလအတွင်းရရှိခဲ့သည့် အတွေ့အကြုံများအား ရှင်းလင်းတင်ပြသည့် အစီအစဉ်အား ၉-၁၀-၂၀၂၄ ရက်၊ နေ့လယ် ၁၃:၀၀ နာရီ အချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြပါသည်။ 

Naypyitaw State Academy (NSA) ၊ အင်္ဂလိပ်စာဌာနမှ အင်္ဂလိပ်စာအထူးပြု တတိယနှစ် ကျောင်းသား/ သူ (၃) ဦးတို့သည် လူမှုဝန်ထမ်းဦးစီးဌာနတွင် လေ့လာခဲ့သည့် အကြောင်းအရာများ၊ ရရှိလာသည့် အကျိုးကျေးဇူးများ ရှင်းလင်းတင်ပြခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်မှ လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လုပ်ငန်းခွင်လက်တွေ့လေ့လာရေး (Internship Program) ပြီးဆုံးသည့် Internship Completion Certificate လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး မွန်းလွဲ ၁၅:၄၅ နာရီတွင် အတွေ့အကြုံရှင်းလင်းပွဲအစီအစဉ် ပြီးဆုံးခဲ့ပါသည်။ 


နောက်ဆုံးရသတင်းများ

အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်း ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်
ညောင်လေးပင်ခရိုင် အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
ကရင်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR