၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်က စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင် အမျိုးသမီးသက်မွေး အတတ်ပညာများဖြစ်သည့် Eco Print သင်တန်း၊ ခြင်းယက်လုပ်နည်းသင်တန်း များဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါ သင်တန်းကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်မှ ၂၀၂၆ ခုနှစ်၊ မတ်လ (၄) ရက် အထိ သင်တန်းတစ်ခုလျှင် သင်တန်းသား (၂၅) ဦးဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ ခြင်းယက်လုပ်နည်း သင်တန်းကို မန္တလေးမြို့၊ အမျိုးသမီးသက်မွေးပညာသင်ကျောင်းမှ ဆရာမကိုယ်တိုင် သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး Eco Print သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဆရာမ ကိုယ်တိုင်သင်တန်းပို့ချပေးသွားမည်ဖြစ်သည်။
သင်တန်းကို တက်ရောက်ခြင်းအားဖြင့်
အမျိုးသမီးများအတွက် တနိုင်တပိုင် အိမ်တွင်း စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်သွားနိုင်မည်ဖြစ်ပြီး
အမျိုးသမီးများအတွက် အလုပ်အကိုင် ရှားပါးခြင်းများ လျော့ချပေးနိုင်မည်ဖြစ်သည်။ ဤသို့ဖြင့်
မြန်မာနိုင်ငံအတွင်း အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ပြီး
စီးပွားရေးကျပ်တည်မှုများကို လျော့ချနိုင်မည် ဖြစ်သည်။










