မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ ကြီးမှူး၍ ဝန်ထမ်းသစ်များလုပ်ငန်းခွင် အကြိုသင်တန်းအား နံနက် ၉း၀၀နာရီမှ ညနေ ၄း၀၀နာရီ အချိန်ထိ မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ၁၇-၃-၂၀၂၅ ရက်မှ ၂၈-၃-၂၀၂၅ ရက်ထိ သင်တန်းသား ၁၉ ဦးဖြင့် ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိပါ သည်။ သင်တန်း၌ လူမှုဝန်ထမ်း ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းကြီး (၇)ရပ်အကြောင်းကို သိရှိနားလည်စေရန်၊ နိုင်ငံဝန်ထမ်းနည်းဥပဒေများ၊ ရုံးလုပ်ငန်းလက်စွဲစာအုပ်ပါ လိုက်နာရမည့်အချက်များနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် လုပ်ငန်းခွင်သို့ဝင်ရောက်သည့်အခါ လုပ်ငန်းများ၏ သဘောတရားကို သိရှိနားလည်စေပြီး လွယ်ကူချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါသည်။


နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီနှင့် တိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း (၃/၂၀၂၅) သင်တန်းဆင်ပွဲကျင်းပ

MOS

DSW

DDM

DOR