အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်မျာနေ့ ကျင်းပခဲ့မှုမှတ်တမ်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သာသနာ့ဗိမ္မာန်တွင် “သက်ကြီးပုဂ္ဂိုလ်များ ဂုဏ်သိက္ခာရှိစွာရပ်တည်ရေး ကမ္ဘာအနှံ့ဘက်စုံပြုစုစောင့်ရှောက်ပေး” ဟူသော ဆောင်ပုဒ်နှင့်အညီ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကို (၁.၁၀.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ တက်ရောက်လာကြသော ဧည့်သည်တော်များက အဘိုးအဘွားများအား ကန်တော့ကျိုးဖြင့် ရှိခိုးကန်တော့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ကမ္ဘာအရပ်ရပ်မှာရှိသော သက်ကြီးဘိုးဘွားများ၏ လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်စေရန် ကုလသမဂ္ဂအဖွဲ့ကြီးက နှစ်စဉ်အောက်တိုဘာ(၁)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ဟု သတ်မှတ်ထားခဲ့ကြောင်း၊ မိမိတို့မြန်မာလူ့အဖွဲ့အစည်းသည် ရှေးအစဉ်အလာ အဆက်ဆက်ကတည်းက သက်ကြီးဘိုးဘွားများကို လေးစားတန်ဖိုးထားတတ်ကြသော သားသမီး၊ မြေးမြစ်များက အတူနေထိုင်ပြုစုစောင့်ရှောက်တတ်သည့် အစဉ်အလာအားဖြင့် မှတ်ယူခဲ့ကြောင်း၊ ဒါ့အပြင် မိမိတို့မြန်မာနိုင်ငံသည် သက်ကြီးဘိုးဘွားများအတွက် မက်ဒရစ်နိုင်ငံတကာလုပ်ငန်း အစီအစဉ် (Madrid International Plan of Action For Okder People) ကို သဘောတူထားသော နိုင်ငံဖြစ်သည်နှင့်အညီ လုပ်ငန်းအစီအစဉ်မှာပါသည့် အကြောင်းအရာများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာဖြစ်ပြီး သက်ကြီးဘိုးဘွားများအတွက် အခွင့်အရေးများကို ယခုထက်တိုးမြှင့်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ အနေဖြင့် ဘိုးဘွားများဖြတ်သန်း ကြုံတွေ့လာခဲ့ရသည့် အတွေ့အကြုံပညာရပ်များကို အနာဂါတ် မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်းမျှဝေပေးနိုင်ရန်နှင့် သက်ကြီးဘိုးဘွားများ၏ အတွေ့ အကြုံများ၊ ပညာရပ်များကို အသုံးချနိုင်ရန်အလုပ်အကိုင်ခွင့်အလမ်းများ ဖန်တီးပေးသွားရမှာဖြစ်ကြောင်း၊ ယနေ့အခမ်းအနားသို့ကြွရောက်ချီးမြှင့်ပေးသည့် ဂုဏ်ပြုခံဘိုးဘွားများနှင့် တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ ဘိုးဘွားများနှင့်တကွ တစ်နိုင်ငံလုံးမှာရှိသည့် ဘိုးဘွားများအားလုံး ကျန်းမာ၊ ချမ်းသာပါစေကြောင်း ဂါရဝပြုဆုမွန်ကောင်းပို့သခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက အဘိုး၊အဘွားများအား အလှူငွေနှင့်ကန်တော့ပစ္စည်း များပေးအပ်ပြီး ဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင် စကားပြောကြားကာ ဘိုးဘွားများအား တိုင်းဒေသကြီးကုသရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်း အမှတ်အဖြစ် ကန်တော့ခံဘိုးဘွား(၃၀)ဦးအတွက် တစ်ဦးလျှင်ကန်တော့ငွေနှင့် ကန်တော့ပစ္စည်း စုစုပါင်းတန်ဖိုး ကျပ်(၁)သိန်း(၅)သောင်းနှုန်းဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးအတွင်းမှ အသက် အကြီးဆုံးဘိုးဘွား(၅)ဦးအတွက် တစ်ဦးလျှင်(၂)သိန်းနှုန်းဖြင့်လည်းကောင်း၊ အသက်(၁၀၀)နှစ်နှင့် အထက်ဘိုးဘွား(၄၇)ဦးအတွက် တစ်ဦးလျှင် ကျပ်(၁)သိန်းနှုန်းဖြင့်လည်းကောင်း စုစုပေါင်း ငွေကျပ် (၁၀၂)သိန်းလှူဒါန်းခဲ့ပါသည်။





နောက်ဆုံးရသတင်းများ

Naypyitaw State Academy (NSA) ၊ အင်္ဂလိပ်စာဌာနမှ အင်္ဂလိပ်စာအထူးပြု တတိယနှစ် ကျောင်းသား/သူ (၃)ဦးတို့သည် လူမှုဝန်ထမ်းဦးစီးဌာနတွင် လုပ်ငန်းခွင်လက်တွေ့လေ့လာရေး (Internship Program) ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်း
လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်သည် ပြည်ထောင်စုအဆင့်မှတ်ပုံတင်နိုင်ရေးအတွက် ထောက်ခံမှုပေးထားသည့် ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

MOS

DSW

DDM

DOR