ကရင်ပြည်နယ်အမျိုးသမီးကော်မတီအစည်းအဝေးကို (၂-၇-၂၀၂၁) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ပြီး ပြည်နယ်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီးအတွင်းရေးမှူးက ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးကော်မတီ များ ပြင်ဆင်ဖွဲ့စည်းထားရှိမှုအခြေအနေများ၊ ပြည်နယ်အမျိုးသမီးကော်မတီ၏ လုပ်ငန်းတာဝန် များ၊  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ကျား၊ မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာဖြစ်ရပ်များအပေါ် ဖြေရှင်းဆောင်ရွက်မှုများအားရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများကအမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနအလိုက် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်ချက်များအားဆွေးနွေးကြပြီးကော်မတီအနေဖြင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။ 


နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်ဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR