မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးတို့ပူးပေါင်း၍ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းကဏ္ဍ၌ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မသန်စွမ်းသူများ အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း (Barrier Free Tourism) ဖော်ဆောင်ခြင်းဆိုင်ရာ အ‌ထောက်အကူပြု အခြေခံဝန်ဆောင်မှုသင်တန်းကို (၁၈.၈.၂၀၂၂) ရက်နေ့တွင် မော်လမြိုင်မြို့ရှိ အတ္ထရံဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

      အဆိုပါ သင်တန်းတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးနှင့် ပြည်နယ်လူမှုဝန်ထမ်းရုံးညွှန်ကြားရေးမှူးတို့က  အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်လူမှုဝန်ထမ်းရုံးမှ နည်းပြများက မသန်စွမ်းမှုဆိုင်ရာအမြင်များနှင့် အခြေခံမြန်မာလက်သင်္ကေတပြ ဘာသာစကား ဘာသာရပ်များအား ပို့ချပေးခဲ့ပါသည်။ 

သင်တန်းသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးနှင့်ဟိုတယ်များမှ ဝန်ထမ်းများ စုစုပေါင်း (၄၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။




နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

MOS

DSW

DDM

DOR