၂၀၂၆ - ၂၀၂၇  ဘဏ္ဍာရေးနှစ်၊ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၊ အစည်းအဝေး ခန်းမ၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ အသိပညာပေး ဟောပြောပွဲအခမ်းအနားအား ၁၄-၅-၂၀၂၆ ရက်၊ နံနက် ( ၀၉း၃၀ ) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဆွေဆွေလင်း၊ ညွှန်ကြားရေးမှူးက အဖွင့်အမှာစကား ပြောကြားပြီး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဦးမှ အစည်းအဝေးသို့ တက်ရောက်လာသော ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများနှင့် ပုဂ္ဂလိကမူလတန်းကြိုကျောင်းများမှ ဆရာ/ဆရာမ များအား ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ဟောပြောဆွေးနွေးခဲ့ပြီး  နံနက်( ၁၁း၀၀ ) နာရီအချိန်ထိ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

 






နောက်ဆုံးရသတင်းများ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် “အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးတွင် မုံရွာမြို့ပေါ်ရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးပေအပ်ခြင်း အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR