ဗီယက်နမ်နိုင်ငံ၊ အလုပ်သမား၊ တရားမဝင်သူနေထိုင်သူများနှင့် လူမှုရေးဝန်ကြီးဌာနသည် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့နှင့်ပူးပေါင်း၍ အာဆီယံဒေသတွင်းအမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာကွန်ဗင်းရှင်းနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူညီချက် အကြံပြုချက်များအတွက် အလုပ်ရုံဆွေးနွေးပွဲကို ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ဥက္ကဌ ဒေါက်တာသက်သက်ဇင်၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်သူဟိန်းတို့ တက်ရောက်ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် အာဆီယံဒေသအတွင်း အမျိုးသမီးများနှင့် ကလေးသူငယ်များအားလုံးအတွက် တရားဝင်အထောက်အထားရရှိခြင်းနှင့် နိုင်ငံသားပြုခြင်းဆိုင်ရာ အခွင့်အရေးများ မြှင့်တင်ပေးနိုင်ရေး၊ အာဆီယံဒေသအတွင်းအမျိုးသမီးများနှင့် ကလေးများ၏အခွင့်အရေးများ ကာကွယ်စောင့်ရှောက်နိုင်ရေးတို့အတွက် အာဆီယံအမျိုးသမီးများနှင့် ကလေးသူငယ်များ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့်မြှင့်တင်ရေးကော်မရှင်နှင့် အာဆီယံနိုင်ငံများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ စိန်ခေါ်မှုနှင့် ဆက်လက်ဆောင်ရွက်သင့်သည်များကို ဆွေးနွေးမျှဝေခဲ့ကြပါသည်။  

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် “အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးတွင် မုံရွာမြို့ပေါ်ရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးပေအပ်ခြင်း အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR