လူမှုဝန်ထမ်းဦးစီးဌာနက ပြည်ထောင်စုအဆင့် အသင်းအဖွဲ့မှတ်ပုံတင်နိုင်ရေးအတွက် ထောက်ခံပေးထားသည့် ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ပြည်တွင်းအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များမှ တက်ရောက်ခဲ့ကြပါသည်။ 

ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာနသည် လုပ်ငန်းရပ် (၇)ရပ်ချမှတ်ပြီး ထိခိုက်လွယ်သူများဖြစ်သော ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၏ လူမှုရေးပြဿနာများကို ကြိုတင်ကာကွယ်ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၈.၁၀.၂၀၂၂ တွင် ပြဋ္ဌာန်းခဲ့သော အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ မိမိတို့ဌာန လုပ်ငန်းရပ်နှင့်ကိုက်ညီသော လူမှုရေးလုပ်ငန်းများကိုဆောင်ရွက်မည့် ပြည်တွင်းအသင်းအဖွဲ့များအား ပြည်ထောင်စုအဆင့် မှတ်ပုံတင်နိုင်ရေးအတွက် ၃၄ ဖွဲ့ကို ထောက်ခံတင်ပြထားပါကြောင်း၊ အသင်းအဖွဲ့မှတ်ပုံတင်ရရှိထားသော အသင်းအဖွဲ့များသည် ဥပဒေနှင့်အညီ လိုက်နာရမည့်တာဝန်များရှိပါကြောင်း၊ ခွင့်ပြုထားသည့် ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်ပါလုပ်ငန်းများကို ဆောင်ရွက်စေလိုပြီး ဥပဒေနှင့်ငြိစွန်းသည့် ငွေကြေးစီးဆင်းမှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ခြင်းမပြုရန် မှာကြားလိုပါကြောင်း၊ စည်းကမ်းလိုက်နာမှုမရှိပါက အသင်းအဖွဲ့များနှင့် ပူးပေါင်းမှုရပ်ဆိုင်းသွားမည်ဖြစ်ပါကြောင်း၊ လူမှုအကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဦးတည်ချက်များအလိုက် ဆောင်ရွက်လျက်ရှိသလို လူမှုရေးအဖွဲ့အစည်းများအနေဖြင့်လည်း မိမိတို့သတ်မှတ်ရာ အကူအညီပေးမှုအမျိုးအစားနှင့် ဖွံ့ဖြိုးမှုနယ်ပယ်များအလိုက် ဆောင်ရွက်နေမှုများရှိကြပြီး အများပြည်သူအကျိုးအတွက် နှစ်ဦးနှစ်ဖက်အပြန်အလှန်ဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အဖွဲ့အစည်းများ၏ ၃ လပတ် ဆောင်ရွက်ချက်များကိုလည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပေးပို့သကဲ့သို့ မိမိတို့ဦးစီးဌာနသို့လည်း မိတ္တူပေးပို့စေလိုပါကြောင်း၊ သို့မှသာ လူမှုအကူအညီပေးရေး မြေပုံတစ်ရပ်ရေးဆွဲပြီး ထိထိရောက်ရောက် ကူညီပေးနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများမှ တက်ရောက်လာသော ကိုယ်စားလှယ်များအနေဖြင့် မိမိတို့၏ လုပ်ငန်းနယ်ပယ်အလိုက် ပြည်သူများနှင့် ထိတွေ့ဆက်ဆံရမှုအခြေအနေ၊ အတွေ့အကြုံများ၊ ပြည်သူ့အတွက် ရေရှည်အကျိုးဖြစ်ထွန်းမှု၊ အဖွဲ့အစည်းများ လမ်းကြောင်းမှန်ကန်စွာ လုပ်ကိုင်ဆောင်ရွက်သွားနိုင်စေရေးအတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးကြစေလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ တက်ရောက်လာကြသော ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များမှ ဆွေးနွေးတင်ပြခဲ့ကြပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသည် (၁၂း၃၀)တွင် ပြီးဆုံးခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

Naypyitaw State Academy (NSA) ၊ အင်္ဂလိပ်စာဌာနမှ အင်္ဂလိပ်စာအထူးပြု တတိယနှစ် ကျောင်းသား/သူ (၃)ဦးတို့သည် လူမှုဝန်ထမ်းဦးစီးဌာနတွင် လုပ်ငန်းခွင်လက်တွေ့လေ့လာရေး (Internship Program) ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်း
လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်သည် ပြည်ထောင်စုအဆင့်မှတ်ပုံတင်နိုင်ရေးအတွက် ထောက်ခံမှုပေးထားသည့် ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

MOS

DSW

DDM

DOR