မန္တလေးမြို့တော်ခန်းမ၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျ‌ရောက်သော (၃၆) နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀.၁၁.၂၀၂၅ ရက်၊နံနက် (၀၉း၃၀) နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

အခမ်းအနားတွင် မန္တလေးတိုင်း‌ဒေသကြီး အစိုးရအဖွဲ့မှ  ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာများတက်‌ရောက်ခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးမှူးရုံး ကြီးကြပ်မှုအောက်ရှိ အမှတ်(၁) မူလတန်းကြို ကျောင်းမှ သားငယ်/ သမီးငယ်များက အကပဒေသာဖြင့်လည်းကောင်း၊ မန္တလေးပြုစုရေးဌာနမှ ကလေးသူငယ်များ၏ အကပဒေသာ ဖြင့်လည်းကောင်း၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်းမှ သားငယ်/ သမီးငယ်လေးများ၏ အက ပဒေသာဖြင့်လည်းကောင်း၊ နားမကြားသော ကလေးများကျောင်းမှ ကျောင်းသူလေးများ၏ အကပဒေသာဖြင့်လည်းကောင်း၊ အမျိုးသမီးကလေးများ သင်တန်းကျောင်းမှ သမီးငယ်များ၏ အကပဒေသာဖြင့်လည်းကောင်း၊ ဧရိပ်မွန်အမျိုးသမီးဂေဟာမှ သမီးငယ်လေးများ၏ အကပဒေသာဖြင့် လည်းကောင်း၊ ပြည်လုံးချမ်းသာပရဟိတဂေဟာမှ သမီးငယ်လေးများ၏ အကပဒေသာဖြင့်လည်းကောင်း ကပြဖျော်ဖြေပြီး စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားအား နံနက် (၁၁း၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက် (၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနား ကျင်းပခြင်း
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တော်ခန်းမ၌ (၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် “ကမ္ဘာ့ကလေးများနေ့” အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ကျင်းပ

MOS

DSW

DDM

DOR