(၂၃) ကြိမ်မြောက် အာဆီယံအမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးဆိုင်ရာကော်မရှင်အစည်းအဝေး (23rd ACWC) အား (၁၂.၁၀.၂၀၂၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၈:၃၀ မှ ၁၂:၀၀) ထိလည်းကောင်း၊ (၈)ကြိမ်မြောက် အာဆီယံ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက် ရေးနှင့်မြှင့်တင်ရေးဆိုင်ရာကော်မရှင် အစည်းအဝေး- အာဆီယံ အမျိုးသမီးရေးရာ ကော်မတီ အစည်းအဝေး (8th ACWC- ACW Meeting)အား နေ့လည် (၁:၃၀ မှ ၃:၃၀) ထိလည်းကောင်း virtually ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူလူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ စန်းစန်းအေး နှင့် အာဆီယံအမျိုးသမီးအခွင့်အရေးများဆိုင်ရာကိုယ်စားလှယ်ဖြစ်သူ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ၊ ဒေါက်တာသက်သက်ဇင်နှင့် သက်ဆိုင်ရာ ဘာသာရပ်တာဝန်ခံများမှ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံ အမျိုးသမီးအခွင့်အရေးများဆိုင်ရာ ကိုယ်စားလှယ်မှ အာဆီယံဒေသဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်း ပပျောက်ရေးလုပ်ငန်း စီမံချက်ဆိုင်ရာ နှစ်လယ်ပြန်လည်သုံးသပ်သည့် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ(၂၂)ရက်နေ့တွင် ကျင်းပခဲ့ပါကြောင်း၊ အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲအား သက်ဆိုင်ရာအစိုးရဌာနမှ တာဝန်ရှိသူများ၊ အမျိုးသမီးများအရေး ဆောင်ရွက်လျက်ရှိသော အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ပြီး အလုပ်ရုံ ဆွေးနွေးပွဲမှရရှိလာသော ရလဒ်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးခဲ့ပါသည်။
အာဆီယံကလေးသူငယ်အခွင့်အရေးများဆိုင်ရာ
ကိုယ်စားလှယ်မှ ACWC Work Plan
(2021-2025) နှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ စီမံချက်(၂)ခုဖြစ်သော “Workshop for
Myanmar’s Frontline officers and key stakeholders for the Regional Action Plan
of Action for the Protection of Children from All Forms of Online Exploitation
and Abuse (RPA COEA)” နှင့် “Workshop to strengthen
cooperation and exchange views of the protection of children in context of
migration among AMS” တို့အား တင်သွင်းဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးခဲ့ကြပါသည်။