ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို (၆.၃.၂၀၂၅) ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူစုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါ်ခင်နွဲ့အား ဂုဏ်ပြုပြီး သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ပြီး သင်တန်းသူများက တေးသီချင်းအကဖြင့် ဖျော်ဖြေတင်ဆက်ပြီးနောက် သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ကျင်းပ
အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကော်မတီသို့ တင်သွင်းမည့် CEDAW အစီရင်ခံစာရေးသား ပြုစုနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ

MOS

DSW

DDM

DOR