(၁၇.၁.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မန္တလေးလူငယ်သင်တန်းကျောင်းခန်းမ၌ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ဖြင့် ဌာနဆိုင်ရာများမှ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်သွားနိုင်ရန်၊ စာရေးဆရာများအားဖိတ်ကြား၍ မန္တ‌လေးလူငယ်သင်တန်းကျောင်းရှိ လူငယ်များအား အသိပညာပေးဟောပြောပွဲ ဆောင်ရွက်နိုင်ရန်၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းနှင့် အေးရိပ်ငြိမ်ဂေဟာတွင် အသိပညာပေးဆောင်ရွက်ရန်ကိစ္စများ ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးကို အောင်မြေသာစံခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

မကွေးတိုင်းဒေသကြီးတွင် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်းကြားမှုယန္တရာများ၊ ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးအစီအစဉ်ကျင်းပ
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း အဆိုးဆုံးရွားပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

MOS

DSW

DDM

DOR