၂၀၂၂ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးရာအသင်းအဖွဲ့များနှင့် ရပ်မိ၊ ရပ်ဖများ တက်ရောက်ခဲ့ကြသည်။

     ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က  အမျိုးသမီးများ၏ အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည်မြင့်မားရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှမူဝါဒ (၄) ရပ် ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးနေမှုများ၊ အမျိုးသမီးများဘဝမြင့်တင်ရေးအတွက် ကဏ္ဍအသီးသီးတွင် ဆောင်ရွက်နေသောလုပ်ငန်းများ၏အရေးကြီးမှုကို ပြည်သူလူထုက သိရှိနားလည်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ရွာလူထုခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်မိရပ်ဖများပူးပေါင်းပါဝင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

  ဆက်လက်၍ လွိုင်ကော်မူလတန်းကြိုကျောင်း ရင်သွေးငယ်လေးများမှ “ထာဝရ သစ္စာ” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကပြဖျော်ဖြေခဲ့ကြသော ရင်သွေးငယ်လေးများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

    ဆက်လက်ပြီး ၂၀၂၂ ခုနှစ် ၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော ပန်းအလှထိုးပြိုင်ပွဲနှင့် အချက်အပြုတ်ပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးတို့က ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

    ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမျိုးသမီးရေးရာအဖွဲ့ ၊ လူမှုရေးအသင်းအဖွဲ့နှင့် ရပ်မိ ၊ ရပ်ဖများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကားပြောကြားခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းများ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးသင်တန်းဖွင့်လှစ်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန (ရန်ကုန်) ၌ ပြင်ပပုဂ္ဂိုလ်များအတွက် အသက် (၆) လ မှ (၃) နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၁၈) ဖွင့်လှစ်ခြင်း
မုံရွာမူလတန်းကြိုကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှူနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ဦး ဆောင်မှုဖြင့် Bow ကလစ်နှင့် ပန်းကြယ်သီး ပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား

MOS

DSW

DDM

DOR