ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းကော်မတီအစည်းအဝေး(၂/၂၀၂၄)ကို (၁၁.၆.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ လုပ်ငန်းကော်မတီ  ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ ဒုတိယဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးတင်စိုးနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ 

        အဆိုပါအစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှု ဒုတိယ(၁)နှစ်သက်တမ်း၏ ဒုတိယ(၆)လပတ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ၏ ကောက်နှုတ်ချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ရုံးသို့ ပေးပို့နိုင်ခဲ့ပါကြောင်း၊ ၁၀.၁၁.၂၀၂၃ ရက်နေ့မှစတင်သည့် တတိယ(၁)နှစ်သက်တမ်း၏ ပထမ(၆)လပတ်လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြနိုင်ရေးအတွက် အစီရင်ခံစာ (မူကြမ်း)အပေါ် လုပ်ငန်းကော်မတီဝင်များ၏ အကြံပြုဆွေးနွေးချက်များဖြင့် ပြင်ဆင်ဖြည့်စွက်၍ အမျိုးသားအဆင့်ကော်မတီသို့ တင်ပြမှာဖြစ်ပါကြောင်း၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကာလ တတိယသက်တမ်းသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်နေ့မှာ တစ်နှစ်ပြည့်မည်ဖြစ်သည့်အတွက် စီမံချက်ကာလသက်တမ်းတိုးရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းကော်မတီဝင်များ၏ သဘောထားအမြင်များ၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၏ အားနည်းချက်/ အားသာချက်များကိုလည်း ထည့်သွင်းဆွေးနွေးပေးရန် ပြောကြားပါသည်။  

   ဆက်လက်၍ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှု တတိယသက်တမ်း၏ ပထမ(၆)လပတ် အစီရင်ခံစာ(မူကြမ်း) ရေးသားထားမှုအပေါ် အစည်းအဝေး တက်ရောက်လာသော လုပ်ငန်းကော်မတီဝင်များမှ အကြံပြုဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် လုပ်ငန်းကော်မတီ၊ ဒုတိယဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို နေ့လယ်(၁၅:၀၀)နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။ 









နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား
မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR