၂၃.၅.၂၀၂၃ ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများသည် စစ်တွေမြို့ သာသနာ့ဗိမ္မာန်ရှိ မုန်တိုင်းသင့်ပြည်သူများအတွက် ယာယီဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးသိုလှောင်ရုံ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မုန်တိုင်းသင့်ပြည်သူများအတွက် ထောက်ပံ့မည့်ကယ်ဆယ်‌ရေးပစ္စည်းများ ထုပ်ပိုးပြင်ဆင်နေခြင်းအား ပြည်နယ်ဝန်ကြီးချုပ်က လာရောက်စစ်ဆေးစဉ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပစ္စည်းများထားရှိမှုမှာစနစ်ကျကောင်းမွန်သည့်အတွက် အခြားသိုလှောင်ပစ္စည်းများအား ပူးပေါင်းတာဝန်ယူ ပြင်ဆင်ပေးရန် ညွှန်ကြားချက်အရအခြားသော ဌာနဆိုင်ရာများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။









နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR