၂၀၂6 ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်သည့် “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ် အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍  ၃.၇.၂၀၂၆ ရက် နံနက် ၀၉:0၀ နာရီအချိန်တွင် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာခန်းမ (MCC) တွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးတရားသူကြီးချုပ်၊ ဒုတိယလွှတ်တော်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူးနှင့် အလုပ် အမှုဆောင်များ၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး၊ မိတ်ဖက်အဖွဲ့အစည်းများ အမျိုးသမီးအရေးများအား ဆောင်ရွက်နေကြသော အမျိုးသမီးအဖွဲ့အစည်းများမှဥက္ကဌများ၊ ခရိုင်(၁၄) ခရိုင်၊ မြို့နယ်(၄၅)မြို့နယ်မှ  အမျိုးသမီးကော်မတီဥက္ကဌများနှင့်ဇနီးများ၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှု ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ထိန်းသူများ စုစုပေါင်း (၇၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။

     အခမ်းအနားတွင် ပထမဦးစွာ “အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)”မှ ကျောင်းသူလေးများက အဖွင့်သီချင်းဖြင့်သီဆိုခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက (ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ဇနီး)က အမှာစကား ပြောကြားခဲ့ပါ သည်။ အမျိုးသမီးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု Video Clip ပြသခြင်း၊ ဆက်လက်ပြီးအမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) (ဖိုးချစ်) မှ ဖျော်ဖြေရေးအစီအစဉ်များဖြင့်  ဖျော်ဖြေတင်ဆက်ကပြခဲ့ကြပါသည်။

     ထို့နောက် “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ်အကြို လှုပ်ရှားမှုပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ထူးချွန်အမျိုးသမီးများ၊ ဖျော်ဖြေရေး အစီအစဉ်တွင်ပါဝင်သည့် အဖွဲ့များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး၊ တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ၂၀၂၆ ခုနှစ်၊ “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ် ဓါတ်ပုံပြခန်းအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး အခမ်းအနားကို နံနက် ၁၁:၃၀ နာရီအချိန်တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။ 



နောက်ဆုံးရသတင်းများ


MOS

DSW

DDM

DOR