မွန်ပြည်နယ်အမျိုးသမီးကော်မတီက ကြီးမှူးပြီး ၂၀၂၃ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို (၂၅-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်   မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အဖွင့်အမှာစကားပြောကြားပြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖြန့်ဝေပေးထားသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် Video Clip အား ပြသပါသည်။

ထို့နောက် မော်လမြိုင်အားကစားသိပ္ပံကျောင်းမှ ကျောင်းသူလေးများက “ထာဝရသစ္စာ” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ Fitness Dance ဖြင့် တေးသရုပ်ဖော် ကပြဖျော်ဖြေတင်ဆက်သွားပါသည်။

ယင်းနောက် ဖျော်ဖြေတင်ဆက်သွားသည့် ကျောင်းသူလေးများအား မွန်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်က ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ပြီး အခမ်းအနားကို နံနက် (၁၀:၁၀) နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တက်ရောက်လာကြသော ဧည့်သည်တော်များက ခန်းမတွင်း ခင်းကျင်းပြသထားသော အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းနှင့် မော်လမြိုင် (OSWSC) မှ ကျောင်းသူလေးများ၏အိမ်တွင်းမှုထုတ်ကုန်များနှင့်မုန့်များ၊ လူမှုရေးအသင်းအဖွဲ့များမှ ခင်းကျင်းထားသည့် ပြခန်းများအား ကြည့်ရှုအားပေးကြပြီး ပြခန်းတာဝန်ကျသူများက ရှင်းလင်းပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်အမျိုးသမီးကော်မတီဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အမျိုးသမီးကော်မတီဝင်များ၊ ပြည်တွင်း/ပြည်ပလူမှုရေးအသင်းအဖွဲ့များ၊ ပညာရေးဒီဂရီကောလိပ်၊သူနာပြုသင်တန်းကျောင်း၊ အား/ ကာသိပ္ပံ (မော်လမြိုင်)၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းအတတ်ပညာသင်ကျောင်းမှကျောင်းသူများနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စုစုပေါင်း အင်အား (၂၀၀) ဦးခန့်တက်ရောက်ခဲ့ကြပါသည်။


နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

MOS

DSW

DDM

DOR