လူမှုဝန်ထမ်းဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဦးဆောင်၍ ပုသိမ်ခရိုင်အတွင်းရှိ တိုင်းရင်းသားအမျိုးသမီးစာပေ/ ယဉ်ကျေးမှုအဖွဲ့အစည်းများမှ အဖွဲ့ဝင်များအား Gender, CEDAW, NSPAW ဆိုင်ရာအသိပညာပေးသင်တန်းကို (၂၅.၂.၂၀၂၄) ရက်နေ့တွင် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာ၌ တရားဝင်မှတ်ပုံတင်ထားသော တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အစည်းများမှ သင်တန်းသား(၅၀)ဦးဖြင့် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး၊ ဒေါ်မြမာလာစိုးက NSPAW နှင့်ပတ်သက်၍ ဒုတိယ(၁၀)နှစ်တာကာလအတွင်း ရေးဆွဲဆောင်ရွက်မည့်လုပ်ငန်းစဉ်များအကြောင်း အသိပညာပေးဆွေးနွေးခြင်း၊ ဒုတိယညွှန်ကြားရေးမှုး၊ ဦးကျော်သူနိုင်က GENDER နှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ဒေါ်အေးကျော့ရီက တိုင်းရင်းသားစာပေ၊ယဉ်ကျေးမှုသင်ကြားရေးဆိုင်ရာကိစ္စရပ်များကို အသိပညာပေးဆွေးနွေးခြင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်တင်လဲ့လဲ့ထွန်းက CEDAW ပါ အမျိုးသမီးများအခွင့်အရေးများအကြောင်း အသိပညာပေး ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။ 


နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ကျင်းပ
အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကော်မတီသို့ တင်သွင်းမည့် CEDAW အစီရင်ခံစာရေးသား ပြုစုနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ

MOS

DSW

DDM

DOR