လူမှုဝန်ထမ်းဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဦးဆောင်၍ ပုသိမ်ခရိုင်အတွင်းရှိ တိုင်းရင်းသားအမျိုးသမီးစာပေ/ ယဉ်ကျေးမှုအဖွဲ့အစည်းများမှ အဖွဲ့ဝင်များအား Gender, CEDAW, NSPAW ဆိုင်ရာအသိပညာပေးသင်တန်းကို (၂၅.၂.၂၀၂၄) ရက်နေ့တွင် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာ၌ တရားဝင်မှတ်ပုံတင်ထားသော တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အစည်းများမှ သင်တန်းသား(၅၀)ဦးဖြင့် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး၊ ဒေါ်မြမာလာစိုးက NSPAW နှင့်ပတ်သက်၍ ဒုတိယ(၁၀)နှစ်တာကာလအတွင်း ရေးဆွဲဆောင်ရွက်မည့်လုပ်ငန်းစဉ်များအကြောင်း အသိပညာပေးဆွေးနွေးခြင်း၊ ဒုတိယညွှန်ကြားရေးမှုး၊ ဦးကျော်သူနိုင်က GENDER နှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ဒေါ်အေးကျော့ရီက တိုင်းရင်းသားစာပေ၊ယဉ်ကျေးမှုသင်ကြားရေးဆိုင်ရာကိစ္စရပ်များကို အသိပညာပေးဆွေးနွေးခြင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်တင်လဲ့လဲ့ထွန်းက CEDAW ပါ အမျိုးသမီးများအခွင့်အရေးများအကြောင်း အသိပညာပေး ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။ 


နောက်ဆုံးရသတင်းများ

ညောင်လေးပင်ခရိုင် အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR