ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကယားပြည်နယ်လူမှုဝန်ထမ်းရုံးလက်အောက်ရှိ လွိုင်ကော်မူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ၁၇.၁၁.၂၀၂၅ ရက် ၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ကယားပြည်နယ်လူမှုဝန်ထမ်းရုံး၊ ပြည်နယ်ဦးစီးမှူး ဒေါ်စိန်စိန်မော်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် လွိုင်ကော်မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများက ကဗျာ၊ သီချင်း၊ ပုံပြင်ပြောပြိုင်ပွဲများအား အဖွဲ့ချင်းစီဖြင့်လည်းကောင်း၊ တစ်ဦးချင်းစီဖြင့်လည်းကောင်း ယှဉ်ပြိုင်ခဲ့ကြပါသည်။ ဆုရရှိခဲ့သည့် ရင်သွေးငယ်လေးများအား ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ပြည်နယ်ဦးစီးမှူးနှင့် လွိုင်ကော်မူလတန်းကြိုကျောင်းမှ မိဘအမှုဆောင်များက ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနားကို နံနက် ၁၁:၃၀ နာရီအချိန်တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

မွန်ပြည်နယ်အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ဆပ်ကော်မတီကြီးမှူး၍ ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR