ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကယားပြည်နယ်လူမှုဝန်ထမ်းရုံးလက်အောက်ရှိ လွိုင်ကော်မူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ၁၇.၁၁.၂၀၂၅ ရက် ၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ကယားပြည်နယ်လူမှုဝန်ထမ်းရုံး၊ ပြည်နယ်ဦးစီးမှူး ဒေါ်စိန်စိန်မော်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် လွိုင်ကော်မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများက ကဗျာ၊ သီချင်း၊ ပုံပြင်ပြောပြိုင်ပွဲများအား အဖွဲ့ချင်းစီဖြင့်လည်းကောင်း၊ တစ်ဦးချင်းစီဖြင့်လည်းကောင်း ယှဉ်ပြိုင်ခဲ့ကြပါသည်။ ဆုရရှိခဲ့သည့် ရင်သွေးငယ်လေးများအား ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ပြည်နယ်ဦးစီးမှူးနှင့် လွိုင်ကော်မူလတန်းကြိုကျောင်းမှ မိဘအမှုဆောင်များက ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနားကို နံနက် ၁၁:၃၀ နာရီအချိန်တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၏ ကြီးကြပ်မှုအောက်ရှိ ဌာနငယ်၊သင်တန်းကျောင်းများသို့ တိုင်းဦးစီးမှူးကွင်းဆင်းဆောင်ရွက်
စစ်ကိုင်းတိုင်ဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR