၂၀၂၆ ခုနှစ်၊ မတ်လ(၃၀)ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူ ပစ္စည်းပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်ခဲ့ပါသည်။
သင်တန်းကို မတ်လ (၃၀)ရက်နေ့မှ ဧပြီလ(၃)ရက်နေ့ထိ အခြေခံပညာဦးစီးဌာနမှ
ဆရာ/မများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများမှ ဆရာ/မများအပါအဝင် သင်တန်းသူ/သား (၃၀)ဦးဖြင့်
ပို့ချသွားမည်ဖြစ်သည်။ သင်တန်းကို လူမှုဝန်ထမ်းဦးစီးဌာနမှ သင်တန်းနည်းပြ ဆရာမများမှ
စွန့်ပစ်ပစ္စည်းများနှင့် ဒေသထွက်ပစ္စည်းများကို အသုံးပြု၍ ဉာဏ်ရည်ဖွံ့ဖြိုးကစားစရာ
ပစ္စည်းများ၊ အတုယူကစားရန်ပစ္စည်းများ၊ တူရိယာပစ္စည်းများ၊ တီထွင်ဖန်တီးကစားရန်ပစ္စည်းများ၊
ဖတ်ရှုရန်ပစ္စည်းများ၊ အဝတ်စများအသုံးပြု၍ ကစားစရာ Plushies များပြုလုပ်ခြင်းတို့ကို
သင်ကြားပို့ ချသွားမည်ဖြစ်ပါသည်။












