အစိုးရအသစ်၏ ရက် (၁၀၀) စီမံချက်အရ မွန်ပြည်နယ်၊ လူမှုဝန်ထမ်းရုံးမှ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေ (၂၀၁၈) အသိပညာပေးခြင်းကို ၂၆-၅-၂၀၂၆ ရက်၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မွန်ပြည်နယ် လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေ အသိပညာပေးခြင်းတွင် ပြည်နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ပြုံးမှ  အဖွင့်အမှာစကားပြောကြားပြီး ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေ အသိပညာပေးခြင်းနှင့်ပတ်သက်၍ ပြုလုပ်ရသည့် ရည်ရွယ်ချက်များ၊ ဗဟိုကော်မတီနှင့် ပြည်နယ်/တိုင်းဒေသကြီး ကော်မတီဖွဲ့စည်းပုံများ၊ တည်ထောင်ခွင့်ပြုမိန့်နှင့်ပတ်သက်ပြီး မှတ်ပုံတင်ကြေးပေးသွင်းခြင်း ကိစ္စရပ်များအား ရှင်းလင်းပြော ကြားပါသည်။ ထို့နောက် ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ဒေါ်ဝင်းဝင်းမာက မူကြိုတည်ထောင် ခွင့်ပြုမိန့် လျှောက်ထားရာတွင် လိုအပ်သော သတ်မှတ်ချက်များ၊ ပူးတွဲတင်ပြရမည့် အထောက်အထားများ၊ ကျောင်းခန်းတွင်း/ပြင်သင်ယူရန်နေရာများ ပြင်ဆင်ထားရှိမှု၊ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများ စနစ်တကျရေးဆွဲသွားရန်၊ တည်ထောင်ခွင့်ပြုမိန့်မရရှိဘဲ ကျောင်းများ ဖွင့်လှစ်ထားခြင်းများ မပြုလုပ် ရန်၊ ဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို ပြန်လည်ဖြေကြား၍ အသိပညာပေးခြင်းကို နံနက် (၁၀:၀၀) နာရီအချိန်တွင် ရုပ်သိမ်းလိုက်ပါသည်။

အသိပညာပေးပွဲသို့ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်းများမှ ဆရာ/ဆရာမများ၊ စုစုပေါင်း အင်အား (၆၀) ဦး တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR