အစိုးရအသစ်၏ ရက် (၁၀၀) စီမံချက်အရ မွန်ပြည်နယ်၊ လူမှုဝန်ထမ်းရုံးမှ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေ (၂၀၁၈) အသိပညာပေးခြင်းကို ၂၆-၅-၂၀၂၆ ရက်၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မွန်ပြည်နယ် လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေ အသိပညာပေးခြင်းတွင် ပြည်နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ပြုံးမှ  အဖွင့်အမှာစကားပြောကြားပြီး ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေ အသိပညာပေးခြင်းနှင့်ပတ်သက်၍ ပြုလုပ်ရသည့် ရည်ရွယ်ချက်များ၊ ဗဟိုကော်မတီနှင့် ပြည်နယ်/တိုင်းဒေသကြီး ကော်မတီဖွဲ့စည်းပုံများ၊ တည်ထောင်ခွင့်ပြုမိန့်နှင့်ပတ်သက်ပြီး မှတ်ပုံတင်ကြေးပေးသွင်းခြင်း ကိစ္စရပ်များအား ရှင်းလင်းပြော ကြားပါသည်။ ထို့နောက် ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ဒေါ်ဝင်းဝင်းမာက မူကြိုတည်ထောင် ခွင့်ပြုမိန့် လျှောက်ထားရာတွင် လိုအပ်သော သတ်မှတ်ချက်များ၊ ပူးတွဲတင်ပြရမည့် အထောက်အထားများ၊ ကျောင်းခန်းတွင်း/ပြင်သင်ယူရန်နေရာများ ပြင်ဆင်ထားရှိမှု၊ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများ စနစ်တကျရေးဆွဲသွားရန်၊ တည်ထောင်ခွင့်ပြုမိန့်မရရှိဘဲ ကျောင်းများ ဖွင့်လှစ်ထားခြင်းများ မပြုလုပ် ရန်၊ ဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို ပြန်လည်ဖြေကြား၍ အသိပညာပေးခြင်းကို နံနက် (၁၀:၀၀) နာရီအချိန်တွင် ရုပ်သိမ်းလိုက်ပါသည်။

အသိပညာပေးပွဲသို့ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်းများမှ ဆရာ/ဆရာမများ၊ စုစုပေါင်း အင်အား (၆၀) ဦး တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် “အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးတွင် မုံရွာမြို့ပေါ်ရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးပေအပ်ခြင်း အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR