ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိူးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း စစ်ကိုင်းတိုင်းဒေသ ကြီး၊ ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၆-၂-၂၀၂၂) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသ ကြီး၊ အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအစည်းအဝေးတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိူးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း တိုင်းဒေသကြီး၊ ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး တိုင်း ဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူးက လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

              ထို့နောက်တက်ရောက်လာသော အဖွဲ့ဝင်များက ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိူးထောင် ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ချက်များကို အသီးသီးဆွေးနွေးပြောကြားပြီး စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။  

နောက်ဆုံးရသတင်းများ

အိန္ဒိယသမ္မတနိုင်ငံနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU)လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပခြင်း
ဧရာဝတီတိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး
မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ရရှိသော ကျောင်းသားများအားအောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနား (မန္တလေးလူငယ်သင်တန်းကျောင်း)

MOS

DSW

DDM

DOR