တိုင်းဒေသကြီးအဆင့် အမျိုးသမီးကော်မတီအစည်းအဝေးကို တိုင်းဒေသကြီးအဆင့် အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး၊ ဦးသက်နိုင် ဦးဆောင်သော ကော်မတီအဖွဲ့ဝင် (၂၀) ဦးဖြင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ ထားဝယ်မြို့၌ ၂၇.၁၀.၂၀၂၅ ရက်၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအဆင့်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး၊ ဦးသက်နိုင်မှ အဖွင့်အမှာစကားပြောကြားပြီးနောက် တိုင်းဒေသကြီးအဆင့်အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ ဒေါ်ဆွေဆွေလင်းက တနင်္သာရီတိုင်းဒေသကြီးအမျိုးသမီးကော်မတီဖွဲ့စည်း တာဝန်ပေးအပ်မှုများ၊ ၁.၁.၂၀၂၅ ရက်မှ ၃၀.၉.၂၀၂၅ ရက်ထိ အမျိုးသမီးများဖွံ့ဖြိုးတိုး တက်ရေးနှင့်ပတ်သက်သည့်ဆောင်ရွက်ချက်များဖြစ်သည့်တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် အမျိုးသမီးကော်မတီအစည်းအဝေးများကျင်းပဆောင်ရွက်ခဲ့ခြင်း၊ ဌာနဆိုင်ရာများသို့ အသိပညာပေးဟောပြောခြင်းနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများဖွင့်လှစ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ အခြေခံပညာကျောင်းများသို့ GENDER, CEDAW, NSPAW နှင့် UNSCR1325 အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ပြီးစီးမှုများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာဆောင်ရွက်ချက်များဖြစ်သည့် အကြမ်းဖက်ခံရသော ကော့သောင်းခရိုင်မှ အမျိူးသမီးငယ်တစ်ဦးနှင့် ကော့သောင်းအကျဉ်းထောင်အတွင်းရှိ အကျဉ်းသူကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား ထောက်ပံ့ကြေးပေးအပ်မှုများ၊ မြန်မာအမျိုးသမီးများနေ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့ခြင်းများ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) အကောင်အထည်ဖော်ဆောင်ရွက်မှုများ နှင့် ရှေ့လုပ်ငန်းစဉ်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များမှ အထွေထွေဆွေးနွေးတင်ပြကြ၍ တိုင်းဒေသကြီးအဆင့်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး၊ ဦးသက်နိုင်မှ နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို နံနက် (၁၁:၁၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးသင်တန်းဖွင့်လှစ်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန (ရန်ကုန်) ၌ ပြင်ပပုဂ္ဂိုလ်များအတွက် အသက် (၆) လ မှ (၃) နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၁၈) ဖွင့်လှစ်ခြင်း
မုံရွာမူလတန်းကြိုကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှူနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ဦး ဆောင်မှုဖြင့် Bow ကလစ်နှင့် ပန်းကြယ်သီး ပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား

MOS

DSW

DDM

DOR