၄-၆-၂၀၂၆ ရက်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လွိုင်ကော်မူလတန်းကြိုကျောင်း၌  ကယားပြည်နယ်လူမှုဝန်ထမ်းရုံးမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲအား ကျင်းပဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် လွိုင်ကော်မူလတန်းကြိုကျောင်းတွင် တက်‌ရောက်ပညာသင်ကြားလျက်ရှိသော ရင်သွေးငယ်လေးများ၏ မိဘများ စုစုပေါင်း (၉၇) ဦး တက်ရောက်ခဲ့ပါသည်။

ဟောပြောပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ မိဘအုပ်ထိန်းသူများအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်း ကောင်းစွာသိရှိလိုက်နာစေရန်နှင့် ကလေးအခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်းကောင်း၊ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းစဉ်များတွင်လည်းကောင်း ပူးပေါင်းပါဝင်လာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ပါသည်။ 


နောက်ဆုံးရသတင်းများ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် “အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးတွင် မုံရွာမြို့ပေါ်ရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးပေအပ်ခြင်း အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR