၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ဌာနငယ် ခရိုင်/ မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူး ရုံးများ၊ ဌာနငယ်သင်တန်းကျောင်းများမှ အရာထမ်း/ အမှုထမ်းများအား တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီ (၈/၂၀၂၅) အစည်းအဝေးမှတ်တမ်း ကောက်နုတ်ချက်နှင့် ပတ်သက်၍ အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့များတွင် ဝန်ထမ်းများ အားလုံးတန်းစီ၍ နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် ရွတ်ဆို ခြင်းများအား လိုက်နာဆောင်ရွက်သွားကြရန်၊ မကြာမီကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲတွင် မိမိတို့သည်နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အလျောက် ကျရာအခန်းကဏ္ဍအလိုက် အောင်မြင်အောင် ခံယူချက်ရှိရှိ ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ချက်များ၊ အရေးကြီးသည့် ညွှန်ကြားချက်၊ ထုတ်ပြန်ချက်များအား အောက်ခြေအဆင့် ဝန်ထမ်းများအထိ သိရှိနိုင်ရေး တနင်္လာနေ့နှင့် သောကြာနေ့တို့တွင် နိုင်ငံတော်အလံအား အလေးပြုအပြီး တန်းစီချိန်အတွင်း ဖတ်ကြားဆောင်ရွက်သွားရန် ခရိုင်/ မြို့နယ်ဦးစီးမှူးများ၊ ဌာနငယ်/ သင်တန်းကျောင်း  တာဝန်ခံများအားလည်းကောင်း၊ မိမိတို့သည် နိုင်ငံ့ဝန်ထမ်းဖြစ်သည့်အတွက် ဝန်ထမ်းကျင့်ဝတ်နှင့်အညီ စည်းမျဉ်းစည်းကမ်းများအားလည်းကောင်း၊ ညွှန်ကြားချက်၊ ထုတ်ပြန်ချက်များအားလည်းကောင်း  လေးစားလိုက်နာသွားရန် ရှင်းလင်းပြောကြားခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးသင်တန်းဖွင့်လှစ်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန (ရန်ကုန်) ၌ ပြင်ပပုဂ္ဂိုလ်များအတွက် အသက် (၆) လ မှ (၃) နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၁၈) ဖွင့်လှစ်ခြင်း
မုံရွာမူလတန်းကြိုကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှူနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ဦး ဆောင်မှုဖြင့် Bow ကလစ်နှင့် ပန်းကြယ်သီး ပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား

MOS

DSW

DDM

DOR